
အခုလိုCovidကာလမှာ ကျွန်တော်တို့အနေနဲ့ Vitamin-C ကိုအပြည်အဝရဖို့လိုအပ်ပါတယ်…Vitamin-C ကိုအပြည့်အဝရဖို့အတွက်စားသင့်တဲ့အသီးတွေထဲမှာ စောင်းလျားသီးလည်းအပါအဝင်ဖြစ်ပါတယ်…
စောင်းလျားသီးဟာ သူ့ကြီးပဲစားရင် ချဉ်သည့်အတွက်ကြောင့် ဖျော်ရည်လုပ်ပြီးသောက်သုံးသင့်ပါတယ်..
အရင်ဆုံး စောင်းလျားသီးဖျော်ရည်လုပ်နည်းမပြောခင် သူ၏ အာဟာရနှင့် ဂုဏ်သတ္တိအကြောင်း အရင်ရှင်းပြခြင်ပါတယ်…
စောင်းလျားသီးမှာ ပါဝင်တဲ့ Vitamin-C ဓာတ်ဟာ လိမ္မော်သီးမှာပါဝင်တာထက် နှစ်ဆပိုများပါတယ်… ဒါအပြင် Vitamin-A နဲ့ အခြားသောသတ္တုဓာတ်တွေလည်းပါဝင်ပြီး သွေးတွင်းက သကြားဓာတ် ပမာဏကိုလျှော့ချပေးခြင်း၊ ချွဲသလိပ်တွေ ရှင်းပေးခြင်းနှင့် ဆီးလမ်းကြောင်းဆိုင်ရာပြဿနာတွေကိုလဲသက်သာစေခြင်း တို့ပဲဖြစ်ပါတယ်…
စောင်းလျားသီးဖျော်ရည်အတွက်ပါဝင်တဲ့ပစ္စည်းတွေကတော့ –
- စောင်းလျားသီး – ၄ လုံး
- သံပရာရည် – စားပွဲဇွန်း (တစ်ဇွန်း/နှစ်ဇွန်း)
- သကြားညို – စားပွဲဇွန်း နှစ်ဇွန်း
- ဆား – လက်ဖက်ရည်ဇွန်း ရှစ်ပုံတစ်ပုံ
- ရေကျက်အေး – လက်ဖက်ရည်ပန်းကန်လုံး (တစ်လုံး/တစ်လုံးခွဲ)
မှတ်ချက် – စောင်းလျားသီးများကို ဝယ်တဲ့အခါ အသီးရဲ့ အနားတွေမှာ အပြစ်အနာအဆာ ကင်းပြီး အဝါရောင်ရှိတဲ့ လတ်လတ်ဆတ်ဆတ် စောင်းလျားသီးမျိုးရွေးဝယ်ပါ… နောက် ရေနဲ့သေသေချာချာ ဆေးကြောပြီး အနားထိပ်ပိုင်းက အစိမ်းရောင်အသားလေးတွေကို လှီးပစ်ပါ… တစ်စင်တီမီတာ အထူရအောင် ကန့်လန့်ဖြတ်လှီးပြီး အစေ့တွေကို ဖယ်ထုတ်ပါ။
ပထမဦးစွာအနေဖြင့် စောင်းလျားသီးကို အတုံးငယ်လေးများသုံးထားပါ… ထိုနောက် Blender ထဲတွင် တုံးထားသော စောင်းလျားသီး၊ သံပရာရည်၊ သကြားညို၊ ဆား၊ ရေကျက်အေး စသည်တို့ကို သမသွားတဲ့ထိတိုင်အောင်မွှေပါ…
၎င်း မွှေထားသောအရည်ကို အဖတ်များမပါစေရန်အတွက် ဆန်ခါနဲ့စစ်ယူပြီး ကရားထဲသို့ထည့်ပါ… ထို့နောက် သောက်သုံးမည့်ဖန်ခွက်ထဲသို့ လိုသလောက်ထည့်ပြီး အပေါ်ကနေ လှီးထားတဲ့ စောင်းလျားသီး တစ်ချပ်နဲ့ ပူဒီနာတစ်ခက် ထည့်ပြီးရင် ချက်ချင်းသုံးဆောင်နိုင်ပါပြီး။
Ref : အာဟာရနှင့် ကျန်းမာရေး အထောက်အကူပြု ဖျော်ရည်များ (တူဒေးဒယ်ဒီတာအဖွဲ့)