Heart Attach
Categories
Health

မွေးရာပါ နှလုံးရောဂါရှိသူများအတွက် သိသင့်တဲ့အချက်များ

မွေးရာပါနှလုံးရောဂါအခံရှိသူတွေဟာ မွေးကတည်းက ကလေးအယောက်တစ်ရာတွင် ကလေးတစ်ယောက်သာဖြစ်တက်တဲ့ ရောဂါဖြစ်ပါတယ်… တချို့ရောဂါရှိတဲ့ကလေးတွေကတော့ ရောဂါမပြင်းထန်တဲ့အတွက် အခြေအနေကောင်းပြီး နေစဉ် နေ့တိုင်းလှုပ်ရှားမှုများတွင် အဆင်ပြေပြေနေထိုင်နိုင်ကြသည်… တချို့ရောဂါရှိတဲ့ကလေးတွေကတော့ ရောဂါပြင်းထန်လွန်းသည့်အတွက် ပုံမှန်လူနေထိုင်မှုဘဝများတွင် တော်တော်ခက်ခဲလှပါတယ်…

ရောဂါအခံရှိသူများ၏ ရောဂါလက္ခဏာအများစုကတော့ –

  • လှုပ်ရှားမှုများလုပ်လျှင် အသက်ရှုမဝခြင်း
  • ကြီးထွားမှု နှေးကွေးခြင်း
  • မောပန်းခြင်း
  • အသားအရေ ပြာနှမ်းနေခြင်း
  • တစ်ခါတစ်ရံ မည်သည့်လက္ခဏာမျှမပြဘဲ ဆေးစစ်သည့်အခါမှသာ ရောဂါရှိကြောင်း သိရတတ်ပါတယ်…

ကလေးတွင် မွေးရာပါရောဂါအခံ ဖြစ်ပွားရတဲ့ အဓိကအကြောင်းအရင်းကတော့ –

  • မိခင်ကိုယ်ဝန်ဆောင်ကာလ၌ ဝက်သက်ကြီးပေါက်ခြင်း နှင့် အချို့ဆေးဝါးများသောက်သုံးမိခြင်း
  • အချို့တွင် ခရိုမိုဇုန်း ပုံမမှန်ခြင်း စသည်တို့ကြောင့် အဖြစ်များပါတယ်…

အတက်နိုင်ဆုံးကာကွယ်နိုင်မည့်နည်းလမ်းတွေကတော့ –

  • မိခင်များ ကလေးယူမည့်အချိန်၌ တက်နိုင်သမျှ ကျန်းမာအောင်နေပါ။
  • ကိုယ်ဝန်စောစောပိုင်းကာလများ၌ မည့်သည့်ဆေးဝါးများ အသုံးမပြုပါနှင့်။
  • ကိုယ်ဝန်ယူမည့်အချိန် (သို့မဟုတ်) ကိုယ်ဝန်ဆောင်ကာလ၌ ဆေးလိပ်မသောက်ပါနှင့်။
  • ကိုယ်ဝန်မဆောင်ခင်၌ ဝက်သက်ကြီးကာကွယ်ဆေး ထိုးထားပါ။
  • နှလုံးရောဂါရှိသူများ သွားနုတ်လျှင် (သို့မဟုတ်) ခွဲစိတ်ကုသမှု ခံယူလျှင် ပဋိဇီဝဆေးသောက်ပါ

စသဖြင့် မိမိရင်သွေးတွင် မွေးရာပါ နှလုံးရောဂါအခံဖြစ်နိုင်မှုကို လျော့ချနိုင်ပါတယ်…

မှတ်ချက် – အချို့မွေးရာပါ နှလုံးရောဂါအခံရှိသူများစုသည် ခွဲစိတ်ကုသမှုခံယူလျှင် လုံးဝပျောက်ကင်းသွားသော်လည် အချို့မှာ အနည်းငယ်သာ သက်သာနိုင်ပါသည်။

Ref : သတိပြုစရာ ကျန်းမာရေးပြဿနာ အဖြာဖြာ (ဒေါက်တာခင်မိုးမိုး)