
အခုလိုကော်ဖီကိုဈေးသက်သက်သာသာနဲ့ အလွယ်တကူဝယ်ယူသောက်သုံးနိုင်တဲ့ခေတ်မှာ ကျွန်တော်တို့လိုကော်ဖီကို စွဲလမ်းသူတွေအဖို့ မသိလိုက်အသိပါတာ တစ်နုတ်နုတ်နဲ့ ရောဂါခံစားနေရပါတယ်…
အဲ့တာကတော့ ကော်ဖီသောက်သုံးခြင်းကြောင့် Arthritis ခေါ် အဆစ်ရောင်နာ ဖြစ်ပွားလျှက်ရှိပါတယ်… ထို့အပြင် နှလုံးရောဂါလည်းဖြစ်နိုင်ချေများတဲ့အပြင် ကဖိန်ဓာတ်လွန်ကဲခြင်းကြောင့် အခြားသော ရောဂါများလည်း ဖြစ်နိုင်ပါတယ်…
ဖင်လန်နိုင်ငံ၊ ဟယ်(လ်)ဆင်ကီရှိ အမျိုးသားပြည်သူ့ကျန်းမာရေးဌာန၏ သုတေသနတွေအရ လူ ၇၀၀၀ ခန့်ကို ၎င်းတို့ကော်ဖီသောက်တဲ့ အလေ့အကျင့်နှင့် အဆစ်အမျက်ရောင်ရမ်းကိုက်ခဲတဲ့ ဝေဒနာရှိမရှိ လေ့လာစစ်ဆေးခဲ့ရာ ၎င်းတို့အနက် လေးပုံသုံးပုံဟာ အဆစ်အမျက်ရောင်ရမ်းကိုက်ခဲတဲ့ ဝေဒနာခံစားနေရကြောင်းတွေ့ရှိရပါတယ်…
ထိုစမ်းသပ်ချက်တွေအရ ကော်ဖီကို ရံဖန်ရံခါသောက်သူတွေထက် တစ်နေ့တစ်ခွက် တစ်ခွက်ထက်ပိုသောက်သောသူတွေမှာ အဆစ်အမျက်ရောင်ရမ်းတဲ့ဝေဒနာ ဖြစ်နိုင်ချေနှစ်ဆပိုများကြောင်းလည်းတွေ့ရှိရပါတယ်…
မိတ်ဆွေတို့လည်း ကော်ဖီကို စွဲလမ်းစွာကြိုက်နှစ်သက်သူတွေဆိုရင်တော့ ယနေ့မှစပြီး လျော့သောက်ဖို့ အကြံပြုတိုက်တွန်းလိုက်ပါတယ် ခင်ဗျာ…
Ref : Health Digest