
အရက်တဲ့….ကြားလိုက်တာနဲ့သောက်ရတဲ့အရာဆိုတာကို အားလုံးပြေးမြင်ကြမှာပါ…. အရက်သောက်တာများလွယ်လွယ်လေးကို ဘယ်လိုသောက်ရမလဲ မလိုပါဘူးလို့တော့ အထင်သေးပြီး အရက်ဂုဏ်တော့ မချလိုက်ပါနဲ့… ဒါကြောင့် အရက်သောက်ဖို့ ဘယ်လိုများ နည်းစနစ်ကျကျ သောက်ရမလဲဆိုတာကို ယမကာကိုကိုကြီးက ပြောပြ ပေးလိုက်ပါရစေ…….
(၁) ရေမရောရင် အသေစောတယ်ဆိုတာ ဟုတ်ရဲ့လား……?
သိပ်မှန်တဲ့ စကားလေးပေါ့… ကျုပ်တို့လို ဝါရင့်တွေအတွက်တော့ အရက်ဆိုတာက ဇိမ်ခံသောက်စရာ အထူးထုတ်ကုန် တစ်ခုပေါ့ဗျာ…. ဒါကို မသိတဲ့ ချာတိတ်အချို့ရဲ့ အသဲကွဲဒဏ်တွေကို ဖြေဖျောက်ဖို့ အရာလို့ သတ်မှတ်ပြီး ရေမရောထုတ်ကုန် လုပ်ကြလေပြန်ရောပေါ့…. ဒီမှာတင် ရေမရောရှာလေတဲ့ ညီမောင်အချို့ အရက်ပြင်းကို သောက်မိလေတော့ စောစောစီးစီး ဂိရှာလေရောပေါ့… ဒါကြောင့် ကျုပ်အနေနဲ့ ပြောချင်တာက ရေမရောရင် အသေစောတယ်ဆိုတဲ့ စကားက သိပ်မှန်ပါတယ်လို့ တဆင့်စကား ပါးလိုက်ပါရစေ……
(၂) အရက်တစ်ခွက် ရေတစ်ခွက် သောက်ခြင်းကရော ကျန်းမာရေးနဲ့ ညီရဲ့လား….?
တူမောင်တို့ကို ပြောချင်တာက ဒီလို သောက်သုံးခြင်းကလည်း ကျန်းမာရေးအတွက် မကောင်းပါဘူး…. ဒီလို သောက်သုံးခြင်းအားဖြင့် ရေဓာတ်ခမ်းခြောက်မယ့် အန္တရာယ်ကို ကြုံရနိုင်ပါတယ်…. ဘာလို့လဲဆို ကျုပ်တို့ ကိုယ်တိုင် အဲ့လိုသောက်ရင် ရေကို အရမ်းချွေတာလို့ပါပဲ…. ဒီမှာတင် အရက်ထက် ရေ သောက်နှုန်းက အရမ်း နည်းသွားလေတော့ နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးကို ကြုံကြရပါတယ်…. ဒါကြောင့် ဒါကိုလည်း အထူး ဂရုပြုဖို့ လိုပါလေတယ်ကွယ်…..
(၃) အရက်သာ အဓိကသောက်ပြီး ဆေးလိပ်လောက်သာ မြည်းတာကရော ကောင်းရဲ့လား….?
ဒီအကျင့်ကလည်း တူမောင်တို့အတွက် တကယ်ကို မကောင်းတဲ့ အချက်ပါပဲနော်…. ယမကာကို သောက်သုံးပြီ ဆိုတာနဲ့ အစာအိမ်ထဲမှာ အစာနဲ့ ရေ ရှိဖို့လိုပါတယ်…. ဒါကို မရှိတဲ့အခါမှာတင် အစာအိမ်ရဲ့ ဆိုးရွားတဲ့ ဆိုးကျိုးတွေကို ခံစားရပါတော့တယ်…. ဒါကြောင့် အရက်သောက်တယ်ဆိုတိုင်းလည်း အရက်ချည်းသက်သက် သောက်ဖို့ မဟုတ်ပါဘူးနော်…. အရက်နဲ့ အမြည်း မျှတအောင် စားသုံးပြီး မှန်ကန်တဲ့ နည်းလမ်းနဲ့ သောက်နိုင်ကြပါစေ……
(၄) အရက်နဲ့အတူ ဘယ်အမြည်းတွေကို စားသုံးလို့ရပါသလဲ…?
အရက်ချည်း မသောက်နဲ့…. ။ အမြည်းလေးလည်း စားပါလို့ ဆိုလေတော့ ဘယ်အမြည်းတွေက အရက်နဲ့ အလိုက်ဖက်ဆုံးလဲ ဆိုတာကို ဆက်ပြောပြချင်ပါတယ်…. ဒီအဖြေအတွက်က စားလို့ရတာ မှန်သမျှ အရက်နဲ့ တွဲဖက်စားသုံးလို့ ရနိုင်ပါတယ်ဗျာ…. ဒါပေမယ့် ကြက်သွန်ကြော်၊ ဘယာကြော် ၊ အာလူးကြော် စတာတွေကတော့ transfat လို့ ခေါ်တဲ့ ဓာတ်တစ်ခု ပါလေတာကြောင့် ဝိတ်တက်မှာစိုးလို့ ရှောင်စေချင်ပါတယ်… သစ်သီးဝလံတွေကိုသာ များများစားပြီး မြည်းဖို့ကို တိုက်တွန်းလိုက်ပါရစေ…..
ကဲ အပေါ်က အချက်လေးတွေကို ကြည့်ပြီး ကျုပ်တို့ အားလုံးချစ်ကြတဲ့ ယမကာကို ဘယ်လိုသောက်သုံးမလဲ ဆိုတာ အနည်းအကျဉ်းတော့ သိလောက်ပြီလို့ ထင်မိပါတယ်…. ဒီတော့ ကျုပ်ပြောခဲ့တဲ့ အကြောင်းအရာလေးတွေ ကို ဖတ်ရှုမှတ်သားပြီး လက်တွေ့ဆန်တဲ့ ဘဝမှာ သက်ရှည်ကျန်းမာ ပျော်ရွှင်တဲ့ ယမကာလုလင် အပေါင်း ဖြစ်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နောက်ထပ်နောက်ထပ် အသစ်တွေကို မျှော်လင့်လိုက်ပါဦးဗျာ……
Ref : ကျော်သက်ခိုင် (ဆေးတက္ကသိုလ်)