Categories
Health

၅ မိနစ်အတွင်း Stress လျှော့ကျစေဖို့ ဂျပန်ရိုးရာနည်းလမ်းကောင်း


နေ့စဉ်ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေကို ၂-၅မိနစ်အတွင်းမှာလျှော့ချပေးနိုင်မယ့် ဂျပန်လူမျိုးတွေအသုံးပြုတဲ့ ရိုးရာနည်းလမ်းကောင်းတစ်ခုကိုဝေမျှပေးချင်ပါတယ်။ ဒီနည်းလမ်းကိုအသုံးပြုဖို့အနေနဲ့လည်း သင့်ရဲ့လက်နှစ်ဖက်ပဲလိုအပ်ပါတယ်။လေ့လာမှုတွေအရ သင့်ရဲ့လက်ဖဝါးပေါ်က လက်ချောင်းတွေဟာ Emotion (သို့မဟုတ်) Feeling တွေ ကိုယ်စားပြုနိုင်ပါတယ်တဲ့။ ပုံကိုကြည့်ကြည့်ပါ။


လက်မ –
လက်မဟာ စိတ်ပူပန်မှုတွေနဲ့စိုးရိမ်ကြောင့််ကြမှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။


လက်ညှိုး –
လက်ညှိုးကတော့ အကြောက်တရားတွေကိုတိုက်ထုတ်ဖို့ ကူညီပေးနိုင်ပါတယ်။


လက်ခလယ်

လက်ခလယ်ကတော့ ဒေါသကိုထိန်းချုပ်ဖို့အတွက်
အကူအညီပေးနိုင်ပါတယ်။


လက်သူကြွယ် –
လက်သူကြွယ်ကတော့ စိတ်အားငယ်တာနဲ့ စိတ်ဓာတ်ကျခြင်းတွေကိုရင်ဆိုင်ဖို့ ကူညီပါတယ်။

လက်သန်း –
လက်သန်းကတော့ စိတ်ဖိစီးမှုတွေကိုလျော့ကျစေပြီး အကောင်းမြင်စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ်လေးစားမှုကို
မြှင့်တင်ပေးဖို့ ကူညီပါတယ်။


ဒါတွေကိုသိပြီဆိုရင်တော့
လက်ချောင်းတစ်ချောင်းစီရဲ့ဘေးနှစ်ဖက်ကို
အရင်နှိပ်နယ်ပါ။
ထို့နောက် လက်ချောင်းတစ်ချောင်းချင်းစီရဲ့
မျက်နှာပြင်တစ်ခုလုံးကို
၁မိနစ် ~ ၂မိနစ်အထိဆက်နှိပ်နှယ်ပေးခြင်းဖြင့်
စိတ်ဖိစီးမှုတွေကိုလျော့ချနိုင်ပါတယ်။
ဆေးရုံဆေးခန်းသွားဖို့မလွယ်တဲ့
အခုလိုအချိန်မှာ
ကျန်းမာခြင်းဟာလာဘ်တစ်ပါးဖြစ်တာမို့ ဝေမျှပေးလိုက်ရပါတယ်နော်…..